WELCOME TO INTERNET WALLET MYANMAR LIMITED မှကြိုဆိုပါသည်
OK Dollarသည် မိုဘိုင်းဖုန်းဖြင့် တိကျမှန်ကန် လျှင်မြန်စိတ်ချစွာဖြင့် အလွယ်တကူ ငွေပေး၊ ငွေချေမှု ပြုလုပ်နိုင်သောဖုန်းဖြင့် ငွေပို့စနစ် တစ်ခု ဖြစ်သည်။ မိမိဖုန်း နှင့် အခြားဖုန်းငွေဖြည့်ခြင်း ၊ DTH ရုပ်သံလိုင်းဘီလ်ပေးဆောင်ခြင်း၊ ရုပ်ရှင် လတ်မှတ်ဝယ်ခြင်း၊ သူငယ်ချင်းနှင့်မိတ်ဆွေများ အား ငွေလွှဲပေးခြင်း စသည်တို့ ကို OK $ Applicationကိုအသုံးပြု၍ အလွယ်တကူလုပ် ဆောင်နိုင်ပါသည်။ OK$ဖြင့် ဖုန်းငွေဖြည့်ရာတွင် လည်း မြန်မာနိုင်ငံတွင်ရှိသည့်မည်သည့်Operator မဆိုဖုန်းငွေဖြည့်နိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူများအားလုံး အသုံးပြုရလွယ် ကူစေရန်အတွက် လုပ်ဆောင်အသစ်များကို ထပ်မံ ထည့်သွင်းနေပါသည်။
ငွေပေး ၊ ငွေချေ သည့်လုပ်ဆောင်ချက်ကို အသုံးပြု၍ ဈေးဆိုင်ပိုင်ရှင်များ နှင့် ကုန်သည်များ ငွေပေး၊ငွေချေမှုများကို အလွယ်တကူလုပ်ဆောင် နိုင်ပြီး အချိန်ကုန်သက်သာစေပါသည်။ ငွေပေး ချေမည့် OK $ အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ် ရိုက်ထည့်ပါ၊ ပေးချေမည့် ငွေပမာဏ ရိုက်ထည့်ပါ၊ စာတို မှတ်ချက် ရိုက်ထည့်ပြီး ပေးပို့  ကိုနှိပ်ပါ၊ ငွေပေးချေမှု လက်ခံပြေစာ ထွက်လာပါက လုပ်ဆောင်ပြီးမြောက်ပါသည်။ QR ကုဒ်ကို Scan ဖတ်ပြီး ငွေပေး၊ငွေချေမှု ပြုလုပ်ပါက အချိန်ကုန် သက်သာစေပြီး အလွယ်တကူငွေပေးချေးမှုများကို လုပ်ဆောင်နိုင်ပါသည်။
ငွေပေး / ငွေလွှဲ
ငွေထည့် / ငွေထုတ်
ဘဏ်ငွေသွင်း အတည်ပြုရန်
ဘဏ်ကောင်တာ ငွေသွင်း
ကုန်သည်ငွေပေးချေမှု
အနီးရှိ OK $ ၀န်ဆောင်မှု
ငွေသွင်း
ငွေယူ
ငွေတောင်းခံခြင်း
ဘီလ်ကို ညီတူညီမျှပေးရန်
ပြန်ရောင်း
မိမိဖုန်းငွေဖြည့်
အခြားဖုန်းငွေဖြည့်
ပြည်ပ ဖုန်းငွေဖြည့်
တယ်လီဖုန်း
မိုဘိုင်းဖုန်း
DTH
မီတာခ
ဈေးလျှော့ငွေ
ပရိုမိုးရှင်း
ပရိုမိုးရှင်း၊ ကံစမ်းမဲနှင့် ကူပွန်
Go Auto Ticket
တက္ကစီ
ရထား
ဘတ်(စ်)ကား
ဂိတ်ကြေး
သင်္ဘော
OK $ ကိုဘာကြောင့် ရွေးချယ်သင့်ပါသလဲ

ဘီလ်ပေးချေမှုများ
တိုးဂိတ်၊ ၀င်ကြေး၊ ကားပါကင်၊ ဓါတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဈေးဆိုင်၊ စူပါမားကတ်၊ သင်္ဘော၊ ရထား၊ ဘတ်စ်ကား၊ အဝေးပြေးကား လက်မှတ်၊ လေယာဉ် တို့ ကိုလဲ OK $ ဖြင့်ငွေပေး၊ငွေချေမှုများ လုပ်ဆောင်နိုင်ပါသည်။ ကုန်သည်ဖုန်းနံပါတ်၊ ငွေပမာဏ၊ စာတိုမှတ်ချက် တို့ ကိုရိုက်ထည့်ပြီး ပေးပို့  ကိုနှိပ်ပါ။ လွယ်ကူပြီး မြန်ဆန်သည့် ငွေပေးချေမှု တစ်ခုကို လုပ်ဆောင်ပြီးမြောက်ပါသည်။

ပရိုမိုးရှင်းများ
အနီးအနားတွင်ရှိ ပရိုမိုးရှင်းအချက်အလက် နှင့်ပက်သက်သည့် တည်နေရာကိုသိလိုပါက
" ပရိုမိုးရှင်း " ကိုနှိပ်ပါ။ ကုန်သည်များ၏နာမည်စာရင်းအလိုက် ပရိုမိုးရှင်း အစီအစဉ်များကို ဖော်ပြထားသည်။
သင်ကြိုက်နှစ်သက်ရာ ပရိုမိုးရှင်းအစီအစဉ်ကို ရွေးချယ်နိုင်ပါသည်။

ကမ်းလှမ်းချက်များ
OK $ အကောင့်ဖွင့်ထားသူများအားလုံး အသုံးပြုနိုင်ရန် အထူးကမ်းလှမ်းချက် ပရိုမိုးရှင်းကုဒ်များကို ကြော်ငြာပေးထားသည်။ ငွေပေးချေမှု အမျိုးအစားတစ်ခုချင်းစီ အတွက် အထူးကမ်းလှမ်းချက်များရှိပါသည်။ ပရိုမိုးရှင်းကုဒ်ကိုအသုံးပြု၍ လွယ်ကူစွာငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။

OK $ အကောင့်ထဲသို့ ငွေသွင်းခြင်း
OK $ အကောင့်ထဲတွင် ငွေလက်ကျန်လျော့ နည်းနေပါက အချိန်မရွေးသင့်ဘဏ်အကောင့်ထဲမှတဆင့် OK $ အကောင့်ထဲသို့ ငွေလွှဲပြောင်းနိုင်ပါသည်။ အကြွေးသုံးကဒ်၊ ငွေဖြည့်သုံးကဒ်၊ ဘဏ်အွန်လိုင်း ငွေလွှဲပြောင်း၊ ဘဏ်ကောင်တာငွေသွင်း၊ OK $ အေးဂျင့်များမှတဆင့် သင်၏ OK $ အကောင့်ထဲသို့ ငွေလွှဲပြောင်းနိုင်ပါသည်။